ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စကားဝိုင်း ဆွေးနွေးပွဲကို ၂၀၂၂ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၊ တောင်ကြီးမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အရ ရရှိနိုင်သောရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှင်းလင်းခြင်း၊ ရှမ်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊…