Cornerstone Resources (Myanmar) Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၃၂၈/၁၉၉၉) ဖြင့် သွပ်သတ္တုရိုင်း တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Cornerstone Resources (Myanmar) Company Limited ကို (၂၄-၆-၂၀၂၂) ရက်နေ့တွင် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။