“Unboxing Investment Facilitation Toolkit 2022 ၏ လုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေးခြင်းနှင့် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Company Online – MyCO) အသုံးပြုပုံနည်းလမ်းများ ရှင်းလင်းဆွေးနွေးခြင်း” အခမ်းအနားကျင်းပပြုလုပ်ခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍  “Unboxing Investment Facilitation Toolkit 2022 ၏ လုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေး ခြင်းနှင့် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Company Online – MyCO) အသုံးပြုပုံနည်းလမ်းများ ရှင်းလင်းဆွေးနွေးခြင်း” အခမ်းအနားကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက် နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်…

Sapphire Gardens Kalaw Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် ၁၂၅၀/၂၀၁၇ ဖြင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက် ရန် ခွင့်ပြုထားသော  Sapphire Gardens Kalaw  Co., Ltd. ကို (၂၆-၄-၂၀၂၂) ရက်နေ့ တွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ  အတွင်းရေးမှူး  သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခမ်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအစည်းအဝေးတွင်…