Thiha Development Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ၁၂ထပ်အဆောက်အဦ တည်ဆောက်၍ Taunggyi Shopping Center အမည်ဖြင့် တည်ဆောက်ရေးလုပ်ငန်းကို ခွဲဝေခံစားသည့်စနစ်ဖြင့် ဈေးဆိုင်ခန်းများ၊ အဆင့်မြင့်လူနေအိမ်ခန်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Thiha Development Company Limited ကို (၁၇-၁၂-၂၀၂၁) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။  

Pun Hlaing Siloam (Taunggyi) Hospital Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ပုဂ္ဂလိကဆေးရုံဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်လျက်ရှိသော Pun Hlaing Siloam (Taunggyi) Hospital Ltd. Limited ကို (၁၇-၁၂-၂၀၂၁) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။