ရှမ်းပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးတိုးတက်စေရေး အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဦးဆောင်၍ ရှမ်းပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ၁၃-၁၂-၂၀၂၁ ရက်နေ့တွင် တောင်ကြီးဟိုတယ်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း၊ လုပ်ထုံးလုပ်နည်းများရှင်းလင်းခြင်း၊…

