ရှမ်းပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးတိုးတက်စေရေး အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဦးဆောင်၍ ရှမ်းပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ၁၃-၁၂-၂၀၂၁ ရက်နေ့တွင် တောင်ကြီးဟိုတယ်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း၊ လုပ်ထုံးလုပ်နည်းများရှင်းလင်းခြင်း၊ ရှမ်းပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူးက မွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးကြပါသည်။ ဆက်လက်၍ တက်ရောက်လာသော ကိုယ်စားလှယ်အားလုံးမှ မွေးမြူရေးကဏ္ဍနှင့် ပတ်သက်၍ တွေ့ကြုံရသည့်အခက်အခဲများ၊ အကြံပြုလိုသည်များကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါသည်။