Myanmar Silk Enterprise Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော Myanmar Silk Enterprise Company Limited ၏ Contract Farming စနစ် အပါအဝင် ပိုးစားပင် စိုက်ပျိုး ခြင်းနှင့် ပိုးအိမ်ထုတ်လုပ်ခြင်းလုပ်ငန်းကို ၄-၁၀-၂၀၂၁ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။