Wuxi HuaGuang (Myanmar) Company Limited .(China)နှင့် Dragon Cement Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော Wuxi HuaGuang (Myanmar) Company Limited ၏ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံအား အဆင့်မြှင့်တင်ပြုပြင်ခြင်းနှင့် ဘွိုင်လာအသစ် တည်ဆောက်၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် Dragon Cement Co., Ltd.၏ ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်း တို့ကို ၂၂-၁-၂၀၂၁ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

” စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း “

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို သိရှိနိုင်ရန်အတွက် အခွင့်အရေး တစ်ရပ်ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစကားဝိုင်း ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ၊ အခွင့်အလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများမှ တာဝန်ရှိသူ များမှ ရှင်းလင်းဆွေးနွေးမည်ဖြစ်ပြီး သိရှိလိုသည်များကို မေးမြန်းနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လိုပါက http://bit.ly/3nREX1p တွင် ဝင်ရောက်၍ စာရင်းပေးသွင်း၍ တက်ရောက်နိုင်ပါကြောင်းနှင့် အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁- ၆၅၈၁၃၂…

“ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါသလား? SSIC website တွင်လေ့လာနိုင်ပါသည်။”

SSIC website သည် ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် နှင့်စီးပွားရေးလုပ်ရန် စီစဉ်ထားသော ရင်းနှီးမြှုပ်နှံသူများအတွက် ထိရောက်သောသတင်းအချက်အလက်များ ရရှိနိုင်သည့် website တစ်ခုဖြစ်သည်။ ၎င်း website တွင် အစိုးရ၏စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတိုးတက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုစာရင်းအင်းများ နှင့်ပတ်သတ်သော နောက်ဆုံးရ သတင်းအချက်အလက်များ ရရှိနိုင်မှာဖြစ်ပြီး၊ ရှမ်းပြည်နယ်ရှိ ခွင့်ပြုချက်၊ သို့မဟုတ် ထောက်ခံချက်များရရှိထားသည့်   စီးပွားရေးလုပ်ငန်းဆိုင်ရာလမ်းညွှန် တစ်ခုလည်းရှိပါသည်။   ထပ်မံသိရှိလိုပါက ဖော်ပြပါ Website တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။ – https://www.ssic.gov.mm/   #CheckouttheSSICWebsite