မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း ၂၀၁၆/၁၇-၂၀၃၅/၃၆ သည် စီးပွားရေး ပတ်ဝန်းကျင်၏ Download

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရှမ်းပြည်နယ်ဦးစီးမှူးရုံး)၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးဖွင့်လှစ်ခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန (ရှမ်းပြည်နယ်ဦးစီးမှူးရုံး)ကို ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်၊ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ ဦးအောင်နိုင်ဦးတို့မှ (၁၈.၈.၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးများကျင်းပခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၇ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၁၇)ဖြင့် ဖွဲ့စည်းပေးခဲ့ ပြီးကော်မတီအနေဖြင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၅)ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၃)ခုစုစုပေါင်း (၈)ခုကိုစိစစ်၍ အတည်ပြုမိန့်ထုတ်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့် အလမ်းပေါင်း (၅၀၀)ကျော်ကိုဖော်ထုတ်ပေးနိုင်ခဲ့ပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းရေးဆွဲနိုင်ရေး ဆောင်ရွက်ခြင်း

ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်းလူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းပြီး ဂျာမဏီအပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ် မတ်လ မှ စတင်၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိပါသည်။