ကုမ္ပဏီ ဒါရိုက်တာများလမ်းညွှန်
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ပြုစုထားသော ကုမ္ပဏီ ဒါရိုက်တာများလမ်းညွှန် စာအုပ် Download
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ပြုစုထားသော ကုမ္ပဏီ ဒါရိုက်တာများလမ်းညွှန် စာအုပ် Download
This Cost of Doing Business in Myanmar – Survey Report 2018 is aimed to provide Download
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း ၂၀၁၆/၁၇-၂၀၃၅/၃၆ သည် စီးပွားရေး ပတ်ဝန်းကျင်၏ Download
Corporate Governance Frameworks in Myanmar စာအုပ်အား အောက်ပါ download link တွင်ရယူနိုင်ပါသည်။ Download
Inclusive Business in Myanmar စာအုပ်အား အောက်ပါ download link တွင် ရယူနိုင်ပါသည် Download
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန (ရှမ်းပြည်နယ်ဦးစီးမှူးရုံး)ကို ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်၊ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ ဦးအောင်နိုင်ဦးတို့မှ (၁၈.၈.၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပါသည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၇ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၁၇)ဖြင့် ဖွဲ့စည်းပေးခဲ့ ပြီးကော်မတီအနေဖြင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၅)ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၃)ခုစုစုပေါင်း (၈)ခုကိုစိစစ်၍ အတည်ပြုမိန့်ထုတ်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့် အလမ်းပေါင်း (၅၀၀)ကျော်ကိုဖော်ထုတ်ပေးနိုင်ခဲ့ပါသည်။
ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်းလူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းပြီး ဂျာမဏီအပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ် မတ်လ မှ စတင်၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိပါသည်။