ရှမ်းပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုများကို လမ်းစဉ် (၄) ရပ်ဖြင့်ဆောင်ရွက်မည်ဖြစ်ရာ သယံဇာတ အခြေပြု စက်မှုကုန်ထုတ်လုပ်မှုဆိုင်ရာရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းစျေးကွက်ကိုဦးတည်သည့် ကုန်ထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပပို့ကုန် ဈေးကွက်ဦးတည်သည့် ကုန်ထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံမှုနှင့် အရည်အသွေးပြည့်ဝသော ပညာဗဟုသုတနှင့် ဆန်းသစ်တီထွင်မှုတို့ကို အခြေပြုသည့် ရင်းနှီးမြှုပ်နှံမှုတို့ပါဝင်မည်ဖြစ်ပါသည်။ ယင်းတို့ကို အတူတကွဖော်ဆောင် ခြင်းဖြင့် ရှမ်းပြည်နယ် ၏စီးပွားရေးကဏ္ဍကို တန်ဖိုးမြင့်တက်စေမည့် ထိရောက်မှုရှိသော၊ ပညာဗဟုသုတအခြေပြုနှင့် ဆန်းသစ်တီထွင်မှုတို့ကိုအခြေပြုသည့် အခြေအနေသို့ တဖြေး ဖြေးပြောင်းလဲသွားမည်ဖြစ်ပါသည်။
ရှမ်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်း (၄) ရပ်
ရင်းနှီးမြှုပ်နှံမှု လမ်းစဉ်-၁ | ပြည်ပပို့ကုန် ဈေးကွက်ဦးတည်သည့် ကုန်ထုတ်လုပ်မှုရင်းနှီး မြှုပ်နှံမှု | လုပ်သားအင်အားပေါများမှု၊ သဘာဝသယံ ဇာတ များပေါကြွယ်ဝမှု၊ ရှမ်းပြည်နယ်၏ တည်နေရာ အနေအထားအရ မဟာဗျူဟာကျမှု စသည်တို့ကို ဦးတည်၍ ပြည်ပပို့ကုန် ဈေးကွက် ဦးတည်သည့် ကုန်ထုတ်စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး။ |
ရင်းနှီးမြှုပ်နှံမှု လမ်းစဉ်-၂ | ပြည်တွင်းစျေးကွက်ကို ဦးတည်သည့် ကုန်ထုတ် လုပ်မှု ရင်းနှီးမြှုပ်နှံမှု | မြန်မာနိုင်ငံဈေးကွက် (ရှမ်းပြည်နယ် ဈေးကွက် အပါအဝင်) ကိုအဓိကဦးတည်သည့် ကုန်ထုတ် စက်မှုလုပ်ငန်းများ တိုးမြှင့် စေရေး၊ ပြည်တွင်း ဈေးကွက်အရွယ်အစားနှင့် မဖွံဖြိုးသေးသော ပြည် တွင်းကုန်ထုတ် စက်မှုလုပ်ငန်းများကို ဦးတည်ချက် ထား ရန်။ |
ရင်းနှီးမြှုပ်နှံမှု လမ်းစဉ်-၃ | သယံဇာတအခြေပြု
စက်မှုကုန်ထုတ်လုပ်မှု ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု |
သဘာဝသယံဇာတများကိုအခြေခံသည့် စိုက်ပျိုး ရေး၊ သတ္တုတူးဖော်ရေး၊ သစ်တော၊ ငါးမွေးမြူရေး၊ ရေအားလျှပ်စစ်၊ မြေ၊ လုပ်သာအင်အား၊ စသည် တို့ကို အခြေပြု ထုတ်လုပ်သည့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ။ |
ရင်းနှီးမြှုပ်နှံမှု လမ်းစဉ်-၄ | အရည်အသွေး ပြည့်ဝ သော ပညာဗဟုသုတ နှင့် ဆန်းသစ်တီထွင်မှု တို့ကို အခြေပြုသည့် ရင်းနှီးမြှုပ်နှံမှု | ကဏ္ဍအလိုက်ကျွမ်းကျင်မှုများ၊ သတင်း ဆက်သွယ် ရေးနည်းပညာ၊ နည်းပညာမြင့် စက်မှုလုပ်ငန်းများ၊ နည်းပညာမြင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ အစရှိသည့် ဝန်ဆောင်မှု ဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး။ |