ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (SSIPP) သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ရှမ်းပြည်နယ်တွင် မြှင့်တင်ရန်အတွက်ရှမ်းပြည်နယ်အစိုးရ၏ အဓိကလမ်းပြမြေပုံကဲ့သို့ လုပ်ဆောင်ပါမည်။ ရှမ်းပြည်နယ်၏လက်ရှိစီးပွားရေးအခြေအနေများအားဖော်ပြထားပြီး ရှမ်းပြည်နယ်၏ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်း ကျင်တိုးတက်လာစေရန်နှင့် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုနှံမှုပြုလုပ်နိုင်မည့် ထိပ်တန်းနေရာများအနက်တစ်ခု အဖြစ် ပါဝင်အောင်ပြုလုပ်ရန်အတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များနှင့် မဟာဗျူဟာ များအား SSIPP တွင် ဖော်ပြထားပါသည်။ SSIPP သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်း ဒေသများမှ ပုဂ္ဂလိကနှင့်အစိုးရဌာနမှ သက်ဆိုင်ရာကိုယ်စားလှယ်များ၏ ပါဝင်မှုဖြင့်ရေးဆွဲခဲ့ပါသည်။
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း၏ အချိန်ကာလသတ်မှတ်ချက်
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (SSIPP) လုပ်ငန်း အကောင်အထည်ဖော်ခြင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ ၁၀ နှစ်တာအချိန်ကာလ သတ်မှတ်ထားပါသည်။
သေးစိတ်အချက်အလက်များ
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအား ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ website တွင် ရယူနိုင်ပါသည်။