ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စကားဝိုင်း ဆွေးနွေးပွဲကို ၂၀၂၂ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၊ တောင်ကြီးမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အရ ရရှိနိုင်သောရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှင်းလင်းခြင်း၊ ရှမ်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ရှမ်းပြည်နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ် လုပ်မှုအခြေအနေများကို ရှင်းလင်းခြင်း၊ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှုက ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမည့်ကျေးရွာများတွင် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများစာရင်း တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ တက်ရောက်လာသော ကိုယ်စားလှယ်များအားလုံးက ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အတွက် တွေ့ကြံရသည့် အခက်အခဲများ၊ အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။