ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ သန်းနှင့်အောက် သို့မဟုတ် မြန်မာကျပ်ငွေ ကျပ်သန်း ၆၀၀၀နှင့်အောက် တန်ဖိုးရှိသောလုပ်ငန်းအတွက် ရင်းနှီး မြှုပ်နှံမှုပြုလုပ်မည့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသို့ အတည်ပြုမိန့် ရရှိရန် တင်ပြလျှောက်ထားနိုင်သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား ပေါ်မူတည်၍ လုပ်ထုံးလုပ်နည်း အနည်းငယ် ကွဲလွဲနိုင်သော်လည်း အောက်ဖော်ပြပါအဆင့်များမှာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလျှောက်ထားလွှာများတင်ပြရာတွင် လိုက်နာ ဆောင်ရွက်ရမည့်အဆင့်များဖြစ်သည်။
အတည်ပြုမိန့်လျှောက်ထားပုံအဆင့်ဆင့်
အဆင့်(၁) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ လိုအပ်သည့် သတင်းအချက်အလက်များကို စုဆောင်းခြင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အကြံဉာဏ်တောင်းခံ၍ သတင်းအချက်အလက်များ ရယူနိုင်ပါသည်။
(ပုံစံ ၄-ခ) အတည်ပြုလျှောက်ထားလွှာ ဝယ်ယူဖြည့်သွင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထား နိုင်သည်။
အတည်ပြုလျှောက်ထားလွှာပုံစံဝယ်ယူဖြည့်သွင်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ သို့ လျှောက်ထားနိုင်သည်
အဆင့်(၃) အတည်ပြုလျှောက်ထားလွှာအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ စိစစ်ခြင်း
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလျှောက်ထားလွှာအား စိစစ်သည်
အဆင့်(၄) အတည်ပြုမိန့်ထုတ်ယူခြင်း
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလျှောက်ထားအား လက်ခံပါက အတည်ပြု မိန့်ထုတ်ယူနိုင်သည်