ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် Creative Dynasty Investment Co., Ltd. မှ ပြောင်းအခြောက်ခံ သန့်စင်သိုလှောင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို အတည်ပြုမိန့် လျှောက်ထား တင်ပြ လာခြင်းကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းကို ခွင့်ပြုပေးနိုင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်း ၅၅၀၀ နှင့် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆၁ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့်…


