ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်တင်ပြလာသော Aramaw (Nyaung Shwe) Co., Ltd ၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ လုပ်ငန်းအမျိုးအစား ပြောင်းလဲခွင့် တင်ပြလာသော Agro Global Co.,Ltd ၏ ပဲကြိတ်ခွဲခြင်းလုပ်ငန်း၊ ဟင်းသီး ဟင်းရွက် အခြောက်ခံခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ အတည်ပြုမိန့် လျှောက် ထားလာသော Myanmar LT Development…