Myanmar Shuang Feng Sakuraba Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုန်းလျင်ရွာတောင်ပိုင်း၊ သာမိုင်ခမ်းကျေးရွာ အုပ်စု ကလောမြို့နယ်၊ တောင်ကြီးခရိုင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုမိန့်ဖြင့် ရာသီသီးနှံများစိုက်ပျိုးခြင်းနှင့် စားသောက် ကုန်ပြင်ပြင်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Myanmar Shuang Feng Sakuraba Co., Ltd ကို (၂၃-၂-၂၀၂၂) ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။