၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် Online စနစ် ဖြင့်ကျင်းပပြုလုပ်ခဲ့သော ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (SSIC)၏ (၂၀၂၀–၂၀၂၁) ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အား လူထုသို့ အသိပေးဖြန့်ဝေခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏အတွင်းရေးမှူး၊ DICA ပြည်နယ်ဦးစီးမှူး ဦးလေးနိုင်မှ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာများ၊ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများမှ မေးမြန်းသောမေးခွန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပါသည်။
ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (SSIPP)ကို ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (SSIC) မှ မတ်လ ၂၀၂၀ တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး (၂၀၂၀-၂၀၂၁) အတွက် နှစ်စဥ်လုပ်ငန်းစီမံချက် ရေးဆွဲခြင်းအား ဇွန်လ ၂၀၂၀ မှ စ၍ ရှမ်းပြည်နယ်အတွင်းရှိ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များပါဝင်သော SSIPP လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီ (၆) ဖွဲ့မှ ပူးပေါင်းရေးဆွဲခဲ့ပါသည်။ ယင်းနှစ်စဥ်စီမံချက်တွင် မဟာဗျူဟာ တစ်ခုချင်းစီအလိုက် ပါရှိသည့် ရည်ရွယ်ချက်များအပေါ် အခြေခံပြီး အဖွဲ့/ဌာန တစ်ခုချင်းစီအလိုက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းရှမ်းပြည်နယ်တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းလျာထားချက်များ၊ ဆောင်ရွက်မည့် အချိန်ကာလ၊ ခန့်မှန်းကုန်ကျစရိတ်/ရံပုံငွေပမာဏ၊ နှင့် လုပ်ငန်းအလိုက်အောင်မြင်မှုရလဒ်ကို တိုင်းတာ နိုင်မည့် အညွှန်းကိန်း စသည်တို့ဖြင့် အသေးစိတ် ဖော်ပြထားပါသည်။ ယင်းစီမံချက်ရေးဆွဲခြင်း လုပ်ငန်းစဥ်တွင် ဂျာမန်အစိုးရကိုယ်စား GIZ Business မှပံ့ပိုးကူညီပေးခဲ့ပါသည်။
နှစ်စဥ်လုပ်ငန်းစီမံချက် အကျဥ်းချုပ်အား ဖတ်ရှုလိုပါက-
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းနှင့်ပတ်သတ်၍ အသေးစိတ်ဖတ်ရှုလိုပါက-
https://ssic.gov.mm/download/shan-state-investment-promotion-plan/
#SSIPPOPPlan